#ကုန်းသာမှာ အပြုံးတွေ ဝေေ၀ဆာခဲ့လေပြီ#
#ကုန်းသာမှာ အပြုံးတွေ ဝေေ၀ဆာခဲ့လေပြီ#
************************************
ကုန်းသာ ကျေးရွာသူ/ကျေးရွာသားတွေရဲ့ နှလုံးသားကို ကမ္မည်း ကျောက်တိုင်တစ်ခု စိုက်ထူသွားသူကတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းဗိုလ်ရှိန် နှင့် ဇနီး ဒေါ်နုနုလွင်တို့ပဲ ဖြစ်ပါတော့တယ်။
အချိန်ကား *******24.8.2017 ရက်နေ့ ၁၁း၁၅ မိနစ်မှာ ကုန်းသာကျေးရွာ ဆရာတော်ဘုရားကြီး ဦးအာစာရဦးစီးတဲ့ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်း နှင့် ကုန်းသာကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) နှစ်ကျောင်းရှိသည့် အနက် ကုန်းသာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းရှိန်နှင့်ဇနီးဒေါ်နုနုလွင် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ၊အရာခံ၊အကြပ်စစ်သည် ရောက်ရှိကာ ဧရာမ ရေသန့်စက်ကြီးတစ်လုံး လှူဒါန်းပြီး လိုအပ်သည်များအား မေးမြန်းကာ ၁၁း၅၀ မိနစ်တွင် ကုန်းသာကျေးရွာမှ ပြန်လည်ထွက်ခွါသွားခဲ့ပါသည်။ လိုအပ်နေသော စာသင်ခုံများလည်း ဆက်လက်လှူဒါန်းနိုင်ခြေရှိကြောင်းလည်း ခန့်မှန်းသိ့ရှိရပါသည်။
ယခုလို ကုန်းသာကျေးရွာသို့ ရေသန့်စက်လာရောက်လှူဒါန်းသော အလှူရှင်မိသားစုများအား ကျနော်တို့မိသားစုမှ ရွာသူ/ရွာသားများနှင့် ထပ်တူ ၀မ်းမြောက် ပီတိဖြစ်ရပြီး ထိုကောင်းမှု့ ကုသိုလ်တော်မြတ်အား သာဓု အကြိမ်ကြိမ်ခေါ်ဆို လိုက်ပါသည်။
Comments
Post a Comment