ကုန်းသာကျေးရွာတွင် တစ်ရက်တာ အခမဲ့ ဆေးကုသခွင့် ရရှိမည့် အခွင့်အရေး ။
ရဟန်းရှင်လူ ပြည်သူများ အခမဲ့ဆေးကုသခွင့် ရရှိမည့် အခွင့် အရေး အချိန်နှင့် တစ်ပြေးညီ သိ့ရှိနိုင်ပါစေရန်။
မျက်စိ၊အရိုး၊အကြော၊ဓါတ်မှန်၊အထွေထွေရောဂါများကို ကန်ရေ၊ရိုးကြီး၊ဆင်ခေါင်း၊ကိုင်းတောကြီး၊ဇီးအိုင်၊မောင်းမကန်၊ကျီးပင်ကန် နှင့် အနီးအနားရွာများမှ ၁၃၅ မျိုးသော တိုင်းရင်းသား
ညီအစ်ကို မောင်နှမများအား
နယ်လှည့်ဆေးကုသရေးအဖွဲ့ အလယ်ပိုင်းတိုင်း တိုင်းမှူးဝင်းဗိုလ်ရှိန် နှင့် ဇနီးတို့ ဦးဆောင်ပြီး ရဟန်းရှင်လူပြည်သူများအား တစ်ရက်တာ အခမဲ့ဆေးကုသပေးသွားမည် ဖြစ်ကြောင်း သိ့ရှိရပါသည်။
နေ့ရက် 23.8.2017
အချိန် ၉း၃၀ အရောက်မှ ညနေခန့်အထိ
နေရာ မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်၊ . ကုန်းသာကျေးရွာ၊အလယ်တန်းကျောင်း(ခွဲ)၊
ကုန်းသာကျေးရွာသူ/ကျေးရွာသားတို့၏ ပထမဦးဆုံး မျော်လင့်ချက် အလင်းရောင်တစ်ခုလည်း ဖြစ်သည်ဟု ဒေသခံများထံမှ ကြားသိ့ရပါသည်။
အနီးအနားရွာများ၏ ဖိုးဖိုး၊ဖွားဖွား၊ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမ၊ညီလေး၊ညီမလေး တို့၏ ကျန်းမာရေးအတွက် လာရောက်အခမဲ့ကုသနိုင်ပါစေရေး
အကျိုးမျှော်လို့ ထပ်ဆင့် နိုးဆော်လိုက်ရပါသည်။
ONCE MORE
ကုန်းသာကျေးရွာ။
ဓါတ်ပုံ
ဆရာမဒေါ်ဇာခြည်အောင်။
Comments
Post a Comment