Posts

Showing posts from 2017

#ကုန်းသာမှာ အပြုံးတွေ ဝေေ၀ဆာခဲ့လေပြီ#

Image
#ကုန်းသာမှာ အပြုံးတွေ ဝေေ၀ဆာခဲ့လေပြီ# ************************************                ကုန်းသာ ကျေးရွာသူ/ကျေးရွာသားတွေရဲ့ နှလုံးသားကို ကမ္မည်း ကျောက်တိုင်တစ်ခု စိုက်ထူသွားသူကတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းဗိုလ်ရှိန် နှင့် ဇနီး ဒေါ်နုနုလွင်တို့ပဲ ဖြစ်ပါတော့တယ်။                  အချိန်ကား *******24.8.2017 ရက်နေ့ ၁၁း၁၅ မိနစ်မှာ ကုန်းသာကျေးရွာ ဆရာတော်ဘုရားကြီး ဦးအာစာရဦးစီးတဲ့ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်း နှင့် ကုန်းသာကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) နှစ်ကျောင်းရှိသည့်  အနက် ကုန်းသာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းရှိန်နှင့်ဇနီးဒေါ်နုနုလွင် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ၊အရာခံ၊အကြပ်စစ်သည် ရောက်ရှိကာ ဧရာမ ရေသန့်စက်ကြီးတစ်လုံး လှူဒါန်းပြီး လိုအပ်သည်များအား မေးမြန်းကာ ၁၁း၅၀ မိနစ်တွင် ကုန်းသာကျေးရွာမှ ပြန်လည်ထွက်ခွါသွားခဲ့ပါသည်။  လိုအပ်နေသော စာသင်ခုံများလည်း ဆက်လက်လှူဒါန်းနိုင...

ကုန်းသာကျေးရွာတွင် တစ်ရက်တာ အခမဲ့ ဆေးကုသခွင့် ရရှိမည့် အခွင့်အရေး ။

Image
ရဟန်းရှင်လူ ပြည်သူများ အခမဲ့ဆေးကုသခွင့် ရရှိမည့် အခွင့် အရေး အချိန်နှင့် တစ်ပြေးညီ သိ့ရှိနိုင်ပါစေရန်။                  မျက်စိ၊အရိုး၊အကြော၊ဓါတ်မှန်၊အထွေထွေရောဂါများကို ကန်ရေ၊ရိုးကြီး၊ဆင်ခေါင်း၊ကိုင်းတောကြီး၊ဇီးအိုင်၊မောင်းမကန်၊ကျီးပင်ကန် နှင့် အနီးအနားရွာများမှ ၁၃၅ မျိုးသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများအား                   နယ်လှည့်ဆေးကုသရေးအဖွဲ့ အလယ်ပိုင်းတိုင်း တိုင်းမှူးဝင်းဗိုလ်ရှိန် နှင့် ဇနီးတို့ ဦးဆောင်ပြီး ရဟန်းရှင်လူပြည်သူများအား တစ်ရက်တာ အခမဲ့ဆေးကုသပေးသွားမည် ဖြစ်ကြောင်း သိ့ရှိရပါသည်။ နေ့ရက်     23.8.2017 အချိန်       ၉း၃၀ အရောက်မှ ညနေခန့်အထိ နေရာ       မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်၊                        .              ကုန်းသာကျေးရွာ၊အလယ်တန်းကျောင်း(ခွဲ)၊ ကုန်းသာကျေးရွာသူ/ကျေးရွာသားတို့၏ ပထမဦးဆုံး မျော်လင့်ချက် အလ...

ကုန်းသာကျေးရွာ အထူးသတင်း

Image
မကွေးတိုင်းဒေသကြီးမင်းဘူးစကုမြို့နယ်ကုန်းသာကျေးရွာဗုဒ္ဒမဟာသာသနာစာရကျောင်းတိုက်အတွင်း၎ ၇ ၂၀၁၇ ရက်နေ့မှာဗုဒ္ဒဓမ္မပရဟိတဖောင်းဒေးရှင်းအသိပေးရှင်းလင်းပွဲပြုလုပ်မှာဖြစ်သိအတွက်အမျိုးဘာသာ သာသနာချစ်တဲ့၁၃၅မျိုးသောတိုင်းရင်းသားမျိုးချစ်ညီကိုမောင်နှမများအားလေးစားစွာဖိတ့်ကြားအပ်ပါသည်

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

Image
နှစ်ဆန်း(၁)ရက်နေ့ ကုန်းသာကျေးရွာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပ။

အရှင်ပညာ နန္ဒ ဂုဏ်ပြုပူဇော်ပွဲ

Image
မင်းဘူး(စကု)မြို့နယ် ၊ကုန်းသာကျေးရွာ ဦးစိုးမောင်+ဒေါ်ဌေးနွဲ့တို့၏သားသည် ၁၃ရရ ခု ၂၀၁၅/၂၀၁၆ ပညာသင်နှစ်တွင်၊နိုင်ငံတော် အစိုးရ ပထမလတ်တန်းတွင် မြန်မာတစ်နိုင်ငံလုံး (ပထမ)ဖြင့် အောင်မြင်ခဲ့ပါသောကြောင့် 19.3.2017 နံနက် ၆း၃၀ ခန့်တွင် ကုန်းသာကျေးရွာမှ မကွေးမြို့အောင်မြေရတနာ စာသင်တိုက်သို့ သွားရောက် ပင့်ဆောင်ပြီး မကွေးမြို့ မှ မင်းဘူးမြို့သို့ ပင်ဆောင်ကာ အပူဇော်ခံမည်ဖြစ်ပြီး ၊မင်းဘူးမြို့မှ ကုန်းသာကျေးရွာ သို့ ဆွမ်းဘုန်းပေးအမှီ ပင့်ဆောင်လာမည်ဖြစ်ကြောင်း သိ့ရှိရပါသည်။ 19.3.2017 ရက် (တနင်္ဂနွေ)နေ့ နေ့လည် (၁၁)နာရီ မှ (၃)နာရီ ခန့်ထိ့ ဂုဏ်ပြုပူဇော်ပြီး၊နိဗ္ဗာန်ရောက်ကျောင်းတရားတော်များနာယူကာ အခမ်းအနားအစီအစဉ်များအတိုင်း အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိ့ရှိရပါသည်။ အရှင်ပညာနန္ဒ၏ အတ္ထုပ္ပတ္တိ အကျဉ်းကို အောက်ပါဖိတ်စာများတွင် ၀င်ရောက်လေ့လာဖတ်ရှု့နိုင်ပါသည်။ once more ကုန်းသာ

ကုန်းသာကျေးရွာ စတင်ဖြစ်ပေါ်လာပုံ။

Image
     ၁၂၄၉ ခုနှစ်ခန့်တွင် ညောင်ပင်ကြီးများကို အစွဲပြု၍ ညောင်ပင်စုကျေးရွာဟု ရှေးလူကြီးများက ခေါ်တွင်လာခဲ့ပြီး ကာလရွေ့လျားလာသောအခါ ညောင်ပင်စု ကျေးရွာသည် ကုန်းပြေမြင့်တစ်ခုပေါ်တွင် တည်ရှိပြီး ကျေးရွာသူ/ရွာသားများက သာယာပြီးအေးချမ်းစေရန် အလို့ငှါ ကုန်းသာကျေးရွာဟု ပြောင်းလည်း၍ စတင်ခေါ်တွင်ခဲ့ကြပါသည်။ ကုန်းသာကျေးရွာအုပ်စုသည် ၊မင်းဘူးမြို့မှ (၄)မိုင်ခန့် အကွာတွင် တည်ရှိပြီး၊နယ်နမိတ်အားဖြင့် မြောက်လားသော် ကြီးပင်ကန်ကျေးရွာ၊ အရှေုလားသော် ကန်ရေကျေးရွာ၊ တောင်လားသော် မောင်းမကန်ကျေးရွာ၊ အနောက်လားသော် ဆင်ဂေါင်းကျေးရွာ အုပ်စုနှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိပါသည်။

ကုန်းသာကျေးရွာ အုပ်ချုပ်ရေးမှူး တာဝန်လွှဲပြောင်းပြီးစီး။

Image
2017 ခုနှစ်ဖေဖော်ဝါရီလ 24 ရက်ပါ စာအမှတ် ၅/၄၁-၁ /ဦး၆ အရ မင်းဘူး(စကု)မြို့နယ် ၊ကုန်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(အဟောင်း)ဦးကံစိန်မှ အုပ်ချုပ်ရေးမှူးအသစ် ဦးမျိုးမင်းနိုင်အား တာဝန်လွှဲပြောင်းပြီးစီးကြောင်း သိ့ရှိရပါသည်။ 

ကုန်းသာကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်အား 16.2.2017 ရက်နေ့ တတိယ အကြိမ်မြောက်တွင် အောင်မြင်စွာ ရွေးချယ်နိုင်ခဲ့ပါပြီ။

Image
ကုန်းသာကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် တတိယအကြိမ်မြောက် အောင်မြင်စွာ ရွေးခြယ်နိုင်ခဲ့ပါပြီ။ မင်းဘူး(စကု)မြို့နယ် ၊ကုန်းသာကျေးရွာ တတိယ အကြိမ်မြောက် အုပ်ချုပ်ရေးမှူးအသစ်ကို 16.2.2017 ရက်နေ့ တွင် မင်းဘူးမြို့နယ် အထွေထွေ အစည်းအဝေးခန်းမတွင်  မြို့နယ်အုပ်ချုပ်ရေးမှူး ၊မြို့နယ်မှူး ၊အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ကုန်းသာကျေးရွာရှိ ဆယ်အိမ်စုကိုယ်စားလှယ်များ အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ အုပ်ချုပ်ရေးမှူးအသစ်အား ပွင့်လင်းမြင်သာစွာ ရွေးခြယ်တက်မြှောက် နိုင်ခဲ့ပါသည်။ အုပ်ချုပ်ရေးမှူးအသစ် အမည်       ဦးမျိုးမင်းနိုင် အဖအမည်  ဦးတါတါ အသက်      ၃ရ အလုပ်       တောင်သူ မှတ်ပုံတင်အမှတ်  ၈/မဘန(နိုင်)၀၇၈၅၀၀ နေရပ်        ကုန်းသာကျေးရွာ ၊စနေရပ်ကွက် ဖုန်း           09794368847 ကုန်းသာကျေးရွာလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှု့များကို အစွမ်းကုန် အကောင်အထည်ဖော်နိုင်ပါစေ။

မင်းဘူး(စကု)မြို့နယ် ၊ကုန်းသာ ဓမ္မစကူးလ် နောက်ဆုံးပတ်

Image
ကုန်းသာကျေးရွာ နောက်ဆုံးအပတ် ဓမ္မစကူးလ် အာဟာရဒါန အလှူရှင်ကတော့ သီရိမင်္ဂလာ အောင်ချမ်းသာ ကွက်သစ်နေ ဦးကိုလေး+ဒေါ်သိန်းသိန်းဝေ သမီး မပြည့်စုံရှင်၊မကဗျာလွင် မိသားစုတို့ မုန့်ဟင်းခါး၊ခေါက်ဆွဲ စသည့်များဖြင့် ကုသိုလ်ယူ ကြွေးမွေးခြင်းများအား ၀မ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ကြပါစေရန် ထပ်ဆင့်ဝေမျှအပ်ပါသည်။