ကုန်းသာကျေးရွာ အာစရိယ ပူဇော်ပွဲအား ယခင်နှစ်ထက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားဖွယ်ရှိ
ကုန်းသာကျေးရွာ ဒုတိယအကြိမ်မြောက် အာစရိယ ပူဇော်ပွဲ၊
မနှစ်ကအာစရိယပူဇော်ပွဲကိုတော့ ၉၇/၉၈ကျောင်းသူကျောင်းသားများမှ ပူဇော်ပွဲဖြစ်မြောက်ရေးအတွက် အားတက်သရောစတင် အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပါသည်။
ကျောင်းအုပ်ဆရာကြီး ဦးထွန်းနွယ်မှလည်း
ပီတိဖြစ်ရပ်ကြောင်း တစ်ခြားအတန်းဖော်များအား လက်တွဲခေါ်ဆောင်၍ စည်းစည်းလုံးလုံးပြုလုပ်ပါက ပိုမိုအောင်မြင်နိုင်ကြောင်းနှင့် သည်းခံစိတ်ထားကာ လိုရာပန်းတိုင်ကိုလျှောက်လှမ်းနိုင်ပါစေကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
အာစရိယ ပူဇော်ပွဲအပြီးတွင် မသိ့ရှိလိုက်ရသော ကျောင်းသားဟောင်းများနှင့် နယ်ခြားရောက်နေသော ကုန်းသာကျေးရွာသူ/ရွာသားများမှလည်း တတ်နိုင်သလောက် ပူးပေါင်းပါဝင်လိုကြကြောင်းလည်း သိ့ရှိခဲ့ရပါသည်။
ဒီနှစ်ဆရာကန်တော့ပွဲကိုတော့ မနှစ်ကနှင့်ပိုမိုစည်းကားသိုက်မြိုက် ကျင်းပသွားမည်ဟု မျှော်လင့်မိပါသည်။
ဆရာကန်တော့ပွဲ ဖိတ်စာတွင် ၉၇/၉၈ ကျောင်းသူကျောင်းသာဟောင်းများအစား
၉၇/၉၈ အားပယ်ဖျက်ထားသည်ကို ကြည့်ခြင်းအားဖြင့်
ကျောင်းသူ/ကျောင်းသားဟောင်းများ စိတ်ဝင်စားသူမည့်သူမဆို ပါဝင်နိုင်တဲ့ သဘော
ပြောင်းလဲ ရိုက်နှိပ်ထားသည်ကို သိ့ရပါသည်။
ယခုနှစ် အာစရိယပူဇော်ပွဲအား နှစ်ဆန်း(၁)ရက်နေ့
17.4.2018 ကဆုန်လဆန်း (၃)ရက် အင်္ဂါနေ့တွင်ကျင်းပသွားမည် ဖြစ်ကြောင်း သိ့ရှိရပါသည်။
ကုန်းသာကျေးရွာ ကျောင်းသူ/ကျောင်းသားဟောင်းများထဲမှ အာစရိယပူဇော်ပွဲအတွက် ပါဝင်ဆင်နွဲလိုသူများ အသေးစိတ်သိ့ရှိလိုပါက
ဖိုးလ(ခ)လှိုင်းမင်းထွန်း ph-0997200125/09969875185
သို့၎င်း
မအေးမို့မို့ ph-09256086808 သို့၎င်း
ရေးဆွဲထားသော အစီအစဉ်များအား တိုက်ရိုက်ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါသည်။
မနှစ်က အာစရိယပူဇော်ပွဲအတွက် ကျပ်ဆယ်သိန်းခန့် စုပေါင်းရရှိသည်ဟု အကြမ်းဖျင်း သိ့ရှိရပါသည်။
ကုန်းသာကျေးရွာရဲ့ အာစရိယ ပူဇော်ပွဲလေးကို
ကျောင်းသူ/ကကျောင်းသား ဆရာ/ဆရာမ စုံညီစွာဖြင့်
အောင်မြင်စွာ ကျင်းပနိုင်ပါစေကြောင်း ဆုမွန်ကောင်းများ ခြွေငှလိုက်ပါသည်။
Once More
ကုန်းသာ
Comments
Post a Comment