ကုန်းသာကျေးရွာ အာစရိယ ပူဇော်ပွဲအား ယခင်နှစ်ထက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားဖွယ်ရှိ

ကုန်းသာကျေးရွာ ဒုတိယအကြိမ်မြောက် အာစရိယ ပူဇော်ပွဲ၊ မနှစ်ကအာစရိယပူဇော်ပွဲကိုတော့ ၉၇/၉၈ကျောင်းသူကျောင်းသားများမှ ပူဇော်ပွဲဖြစ်မြောက်ရေးအတွက် အားတက်သရောစတင် အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပါသည်။ ကျောင်းအုပ်ဆရာကြီး ဦးထွန်းနွယ်မှလည်း ပီတိဖြစ်ရပ်ကြောင်း တစ်ခြားအတန်းဖော်များအား လက်တွဲခေါ်ဆောင်၍ စည်းစည်းလုံးလုံးပြုလုပ်ပါက ပိုမိုအောင်မြင်နိုင်ကြောင်းနှင့် သည်းခံစိတ်ထားကာ လိုရာပန်းတိုင်ကိုလျှောက်လှမ်းနိုင်ပါစေကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ အာစရိယ ပူဇော်ပွဲအပြီးတွင် မသိ့ရှိလိုက်ရသော ကျောင်းသားဟောင်းများနှင့် နယ်ခြားရောက်နေသော ကုန်းသာကျေးရွာသူ/ရွာသားများမှလည်း တတ်နိုင်သလောက် ပူးပေါင်းပါဝင်လိုကြကြောင်းလည်း သိ့ရှိခဲ့ရပါသည်။ ဒီနှစ်ဆရာကန်တော့ပွဲကိုတော့ မနှစ်ကနှင့်ပိုမိုစည်းကားသိုက်မြိုက် ကျင်းပသွားမည်ဟု မျှော်လင့်မိပါသည်။ ဆရာကန်တော့ပွဲ ဖိတ်စာတွင် ၉၇/၉၈ ကျောင်းသူကျောင်းသာဟောင်းများအစား ၉၇/၉၈ အားပယ်ဖျက်ထားသည်ကို ကြည့်ခြင်းအားဖြင့် ကျောင်းသူ/ကျောင်းသားဟောင်းများ စိတ်ဝင်စားသူမည့်သူမဆို ပါဝင်နိုင်တဲ့ သဘော ပြောင်းလဲ ရိုက်နှိပ်ထားသည်ကို သိ့ရပါသည်။ ယခုနှစ် အာစရိယပူဇော်ပ...