Posts

Showing posts from 2018

သာသနာစာရ ဓမ္မစကူးလ် အဟာရ ဒါနကုသိုလ်ရှင်

Image
သာသနာစာရ စမ္မာကူးလ် အဟာရဒါန ကုသိုလ်ရှင်များကတော့ နှစ်ဘက်မိဘများ အမူးထား၍ အလှူဒါယကာ ဦးစိုးထက် +အလှူဒါယိကာမ ဒေါ်အေးခိုင်  ချစ်သမီးလေး မဆောင်းရတီစိုးထက် မိသားစုတို့မှ ကြက်ဆီ မထင်းကြော် ကျသင့် အလှူတော်ငွေ နှစ်သိန်းကျပ်တိတိ ကို အကျိုးတော်ဆောငါယ် ဦးမော်နှင့် ဦးမိုးတို့ လှူဒါန်းထားပြီး ဥက္ကဌ ဦးမျိုးမင်းနိုင်မှ အကျိုးတော်ဆောင်များကိုယ်စား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးခဲ့ပါသည်။ ကုသိုလ်ရှင်များလည်း ဒိထက်မက လှူဒါန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းများ ခြွေသလိုက်ပါတယ် ခင်ဗျာ။

ကုန်းသာ အခြေခံပညာ အလယ်တန်းကျောင်းရဲ့ ကျောင်းတံခါးကုသိုလ်ရှင်

Image
ကျောင်းတံခါးအလှူရှင် ဦးဝင်းဗိုလ်မိသားစုအား ၂၀၁၇/၂၀၁၈ ပညာရည်ချွန်ဆုပေးပွဲတွင် ကျောင်းအုပ်ကြီးမှ ဂုဏ်ပြု မှတ်တမ်းလွှာများဖြင့် ပြန်လည်ချီးမြှင့်ပေးအပ်။ ကျောင်းတံခါးနဲ့ပက်သက်ပြီး ပြုပြင်မှုများ လိုအပ်သလို လှူဒါန်းပေးနေသော အလှူရှင် ဦးဝင်းဗိုလ် မိသားစုများ ဒီထက်မက လှူဒါန်းနိုင်ပါကြောင်း ဆုမွန်ကောင်းများ ခြွေငှလိုက်ပါသည်။ ကျောင်းဆိုင်းဘုတ် အလှူရှင်များ နဲ့ တစ်ခြားအလှူရှင်များအား အလျှင်းသင့်သလို ခွင့်ပြုချက်တောင်းယူ၍ ဆက်လက်ဖော်ပြပေးသွားပါမည်။

ကုန်းသာကျေးရွာ အာစရိယ ပူဇော်ပွဲအား ယခင်နှစ်ထက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားဖွယ်ရှိ

Image
ကုန်းသာကျေးရွာ ဒုတိယအကြိမ်မြောက် အာစရိယ ပူဇော်ပွဲ၊ မနှစ်ကအာစရိယပူဇော်ပွဲကိုတော့ ၉၇/၉၈ကျောင်းသူကျောင်းသားများမှ ပူဇော်ပွဲဖြစ်မြောက်ရေးအတွက် အားတက်သရောစတင် အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပါသည်။ ကျောင်းအုပ်ဆရာကြီး ဦးထွန်းနွယ်မှလည်း ပီတိဖြစ်ရပ်ကြောင်း တစ်ခြားအတန်းဖော်များအား လက်တွဲခေါ်ဆောင်၍ စည်းစည်းလုံးလုံးပြုလုပ်ပါက ပိုမိုအောင်မြင်နိုင်ကြောင်းနှင့် သည်းခံစိတ်ထားကာ လိုရာပန်းတိုင်ကိုလျှောက်လှမ်းနိုင်ပါစေကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ အာစရိယ ပူဇော်ပွဲအပြီးတွင် မသိ့ရှိလိုက်ရသော ကျောင်းသားဟောင်းများနှင့် နယ်ခြားရောက်နေသော ကုန်းသာကျေးရွာသူ/ရွာသားများမှလည်း တတ်နိုင်သလောက် ပူးပေါင်းပါဝင်လိုကြကြောင်းလည်း သိ့ရှိခဲ့ရပါသည်။ ဒီနှစ်ဆရာကန်တော့ပွဲကိုတော့ မနှစ်ကနှင့်ပိုမိုစည်းကားသိုက်မြိုက် ကျင်းပသွားမည်ဟု မျှော်လင့်မိပါသည်။ ဆရာကန်တော့ပွဲ ဖိတ်စာတွင် ၉၇/၉၈ ကျောင်းသူကျောင်းသာဟောင်းများအစား ၉၇/၉၈ အားပယ်ဖျက်ထားသည်ကို ကြည့်ခြင်းအားဖြင့် ကျောင်းသူ/ကျောင်းသားဟောင်းများ စိတ်ဝင်စားသူမည့်သူမဆို ပါဝင်နိုင်တဲ့ သဘော ပြောင်းလဲ ရိုက်နှိပ်ထားသည်ကို သိ့ရပါသည်။ ယခုနှစ် အာစရိယပူဇော်ပ...

ကုန်းသာ စာကြည့်တိုက်သို့ အလှူငွေ ဆယ်သိန်းကျပ် ပေးအပ်

Image
မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်းမှ  မင်းဘူး(စကု)မြို့နယ်၊ ကုန်းသာကျေးရွာ  #ဘဝအလင်းရောင်စာကြည့်တိုက်သို့ အလှူငွေဆယ်သိန်းကျပ်ပေးအပ်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီးတိုင်းပြန်ဆက်ရုံးတွင် ကျင်းပရာတိုင်း ကိုယ်စားလှယ်ဦးကျော်စိန်ဝင်းမှပေးအပ်ပြီးကုန်းသာ ကျေးရွာဘဝအလင်းရောင်စာကြည့်တိုက်ဥက္ကဌ ဦးမြင့်ဝေမှ အလှူ  ငွေကျပ်ဆယ်သိန်းအားလက်ခံရယူ ခဲ့ပြီး စာကြည့်တိုက်လေးရဲ့ လိုအပ်ချက်များကို အားခြင်း ပြုပြင်ဆောင်ရွက်လျှက် ရှိကြောင်း မြင်တွေ့ခဲ့ရပါသည်။ လိုအပ်ချက်များ ပြုပြင်ပြီးပါကလည်း မှတ်တမ်းဓါတ်ပုံများကို ဥက္ကဌ ဘ၀အလင်းရောင် စာကြည့်တိုက် ဆရာဦးမြင့်ဝေထံမှ တောင်းယူပြီး ဆက်လက် ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။