ကုန်းသာကျေးရွာ စတင်ဖြစ်ပေါ်လာပုံ။

၁၂၄၉ ခုနှစ်ခန့်တွင် ညောင်ပင်ကြီးများကို အစွဲပြု၍ ညောင်ပင်စုကျေးရွာဟု ရှေးလူကြီးများက ခေါ်တွင်လာခဲ့ပြီး ကာလရွေ့လျားလာသောအခါ ညောင်ပင်စု ကျေးရွာသည် ကုန်းပြေမြင့်တစ်ခုပေါ်တွင် တည်ရှိပြီး ကျေးရွာသူ/ရွာသားများက သာယာပြီးအေးချမ်းစေရန် အလို့ငှါ ကုန်းသာကျေးရွာဟု ပြောင်းလည်း၍ စတင်ခေါ်တွင်ခဲ့ကြပါသည်။ ကုန်းသာကျေးရွာအုပ်စုသည် ၊မင်းဘူးမြို့မှ (၄)မိုင်ခန့် အကွာတွင် တည်ရှိပြီး၊နယ်နမိတ်အားဖြင့် မြောက်လားသော် ကြီးပင်ကန်ကျေးရွာ၊ အရှေုလားသော် ကန်ရေကျေးရွာ၊ တောင်လားသော် မောင်းမကန်ကျေးရွာ၊ အနောက်လားသော် ဆင်ဂေါင်းကျေးရွာ အုပ်စုနှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိပါသည်။